top of page
Search

ဝါသနာမပါတဲ့အလုပ်တွေကသင့်ဘဝကိုတိုးတက်စေနိုင်လား...

  • Jan 12, 2024
  • 1 min read


အဖြေက Noပါ.....



-ဆန္ဒနဲ့ ဘဝ၊ ဝါသနာနဲ့အလုပ် ထပ်တူကြနေဖို့ဆိုတာ အင်မတန်ခဲရင်းပါတယ်။ မိတ်ဆွေက လက်ရှိမှာ ထပ်တူကျနေတယ်ဆိုရင်တော့ Congratulations ပါ။



-မကျသေးတဲ့ သူတွေကို အကြံဉာဏ်ပေးမယ်။ အထူးသဖြင့် လူငယ်တွေ လုပ်ချင်တာနဲ့ လုပ်နေရတာ ထပ်တူမကျဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်။ 



-ကျွန်တော့်တုန်းကလည်း မကျခဲ့ဘူး။ ဖြစ်ချင်တာက တိုးဂိုက်၊ လုပ်နေတာက မီတာဖတ်၊ ဘေလ်ဝေ၊ မီးရိုက်။ ပြဒါးတလမ်း၊ သံတလမ်း။ 



-မလုပ်ချင်တာတွေကို လုပ်နေရတော့ ပထမ စိတ်မဝင်စားဘူးပေါ့။ နောက်တော့ လုပ်အားခလေးရလာတယ် နည်းနည်းတော့ ပျော်လာတယ်။ အလုပ်ထဲမှာ စိတ်နည်းနည်းပါလာတယ်။ မလုပ်ချင်တဲ့အလုပ်တွေ လုပ်ရင်း သင်ခန်းစာတွေ ပညာတွေယူတယ်။ 



-အဖေပြောဖူးတဲ့ စကားတခွန်းက "မင်းဘာသာမင်း ဝါသနာ ပါပါ မပါပါ အသက်မွေးဝမ်းကျောင်းပညာရပ်တခု တတ်ထားရင် အနည်းဆုံးတော့ ထမင်းမငတ်ဘူး" တဲ့။



-လက်တွေ့ပဲ ပထမ Company ကထွက်လာတော့ ဘာအလုပ်မှ ထပ်မချိတ်ထားဘူး။ ခေါင်းထဲမှာလည်း မရှိဘူး။ ရှိတဲ့ အတွေးကတခုပဲ ငါ့ကိုဘယ် Company ကမှ မခေါ်ရင် ထမင်းချိုင့်ဆွဲပီး ‌မီးလိုက်ဆင်မယ်ကွာဆိုတဲ့ ခံယူချက်က ဝါသနာမပါတဲ့ အလုပ်တွေကို လုပ်လို့ရလာတဲ့ အရည်ချင်းပဲ။



-ဝါသနာပါတဲ့ အလုပ်တွေလုပ်ရတော့ အရင်ရခဲ့တဲ့ ပညာတွေ သင်ခန်းစာတွေနဲ့ လက်တွေ့ အသုံးချကြည့်တယ်၊ ရလာဒ်က ပိုကောင်းလာတယ်။ အရင်တုန်းက စိတ်မပါတဲ့ အလုပ်တွေက ကိုယ့်အတွက် အရည်အသွေးအသစ်တွေတိုးလာတယ်။ စကားပြောစွမ်းရည်၊ ဦးဆောင်မှု၊ တာဝန်ခံမှု၊ ပြဿနာ‌ဖြေရှင်းတဲ့ စွမ်းရည် စတဲ့ ပညာရပ်တွေကိုပါ ရအောင်သင်တယ်။ ပီးတော့ ဝါဿနာပါတဲ့ အလုပ်တွေမှာ ပြန်အသုံးချတယ်။ ရလာဒ်က သူများထက်သာတယ်။ 





လေးစားစွာဖြင့်

 
 
 

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2035 by Train of Thoughts. Powered and secured by Wix

bottom of page