top of page
Search

ကျောင်းစာမတော်တဲ့သူတွေမှာရှိနေတဲ့ကိုယ်ရည်ကိုယ်သွေး(၄)ခု

  • Writer: Aung Khant Zaw
    Aung Khant Zaw
  • Jan 12, 2024
  • 1 min read

ဒီအကြောင်းကိုပြောမယ်ဆိုရင် သူတို့မှာ C Mindsetတွေ ပါလာလို့ပါသိသလောက်ဆိုရင် အခြေခံအားဖြင့် (4C)ရှိမယ်။

  • Communication

  • Conversation

  • Concentration

  • Collaboration



1. Communication 

သူတို့ကို ကြည့်လိုက်ရင် ကျောင်းစာသာမလုပ်တာ ပေါင်းသင်းဆက်ဆံရေးကောင်းကြတယ်။ ဟိုအခန်းက ဟိုလူနဲ့ခင်တာပဲ၊ ဒီအတန်းက ဒီလူနဲ့လည်းခင်လိုက်တာပဲ။ ဒီတော့ သူတို့က အပြင်လောက ရောက်လာရင် သူတို့ရဲ့ နယ်ပယ်က ပိုကျယ်ပြန့်တယ်။



2. Conversation

ကျောင်းမှာ စကားတအားများတဲ့သူတွေကိုကြည့်လိုက်ရင်လည်း သူတို့ပဲ။ 1မိနစ်ရလည်း 1မိနစ်ပြောတာပဲ။ စကားများများပြောတော့ စကားပြောစွမ်းရည်ကောင်းကြတယ်။ စကားအသွားအလာကို ကောင်းကောင်းအကဲခတ်နိုင်ကြတယ်။



3. Concentration

ကျောင်းစာအုပ်တွေမှာ ပုံတွေ ၊ကဗျာတွေ၊ ဟာသတွေ ရေးထား၊ဆွဲထားတာလည်း သူတို့ပဲ။ ကျောင်းစာကလွဲရင် ကျန်တာအကုန်စိတ်ဝင်စားတယ်။ပြင်ပဗဟုသုတ‌ တွေ သူတို့ကို‌ မေးရင်မသိတာမရှိဘူး။ သူတို့စိတ်ဝင်စားတဲ့ နယ်ပယ်တွေကို တော်တော်‌‌ လေ့လာထားကြတယ်။ကျောင်းမှာ အဆင့်ခွဲလိုက်ရင် နောက်ဆုံးတို့ နောက်ဆုံးနားကပ်နေတဲ့ သူတော်တော်များများက ဂီတ၊ အနုပညာ၊စာပေ၊ စီးပွားရေး၊ စီမံခန့်ခွဲမှု စတဲ့ နယ်ပယ်မှာ တော်တော်အောင်မြင်ကြတာကိုတွေ့ရတယ်။ အားလုံးကိုတော့မဆိုလိုပါ။



4. Collaboration 

ကျောင်းမှာ ဘာလုပ်ဖို့လိုတယ်၊ လုပ်အားပေးလိုတယ်ဆိုရင်လည်း သူတို့က ထိပ်ဆုံးကပဲ။ စာမသင်ရရင်ပီးရော။ မြက်ပဲပေါက်ရရ၊ အမှိုက်ပဲကောက်ရရ၊ ကထိန်ပဲဖြစ်ဖြစ်ပေါ့။ ဒီလိုအမူအကျင့်တွေက အပြင်လောကမှာလဲ အသုံးတည့်ပါတယ်။ ရပ်ကွက်ရဲ့ သာရေး၊ နာရေး လူမှုရေးတွေမှာ တထောင့်တနေရာက ပါဝင်ပတ်သတ်နေတဲ့အတွက် လူချစ်လူခင်ပေါများကြပါတယ်။


ဒီ (4C)က အပြင်လောကမှာ သိပ်အသုံးဝင်တဲ့ အရာတွေကတော့...

  • အနည်းဆုံးဈေးရောင်းဖို့ဆိုရင်တောင် Customer တွေ၊ ကုန်သည်တွေနဲ့ ဆက်ဆံရေးကောင်းမှ ရောင်းကောင်းမယ်။

  • အပြောကောင်းရင် လေယာဉ်တောင်အလကားစီးရတယ်ဆိုမျိုး။ ကိုယ့်ပစ္စည်း‌ ရောင်းထွက်ဖို့ တော်ကီကောင်းဖို့လိုတယ်။ 

  • ဒီ‌နေ့ ဒီပစ္စည်း‌တွေ အကုန်ရောင်းရမှ ငါ့စားဝတ်နေရေးအဆင်‌ပြေမယ်ဆိုတဲ့ တွန်းအားတွေက မ‌ဖြစ်မနေစိတ်အားထက်သန်ခြင်းတွေကို ဖြစ်စေတယ်။


လေးစားစွာဖြင့်...

အောင်ခန့်ဇော်

 
 
 

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2035 by Train of Thoughts. Powered and secured by Wix

bottom of page